Monday, May 4, 2009

ခေါင်းဆောင်ကြီးများဧ။် စည်းစိမ်နှင့် ပြည်သူတို့ဧ။် စားဝတ်နေရေး



လက်ရှိကျွန်တော်တို့ မြန်မာနိုင်ငံကိုလက်နက်နှင့် အုပ်စိုးနေသော ခေါင်းဆောင်ကြီးများဧ။် စည်းစိမ်နှင့် ပြည်သူတို့ဧ။်စားဝတ်နေရေးကို တကမ္ဘာလုံး မှနိုင်ငံခေါင်းဆောင်များနှင့် ကုလသမ္မကမှ တာဝန်ရှိသူများ တကယ်ပင် သိကြရဲ့လားမသိပါ။ လက်ရှိစစ်အစိုးရမှ ၀န်းကြီး အဆင့်ရှိသူများ အသုံးပြုနေသောစည်းစိမ်များကို တကမ္ဘာလုံးသိရှိစေရန် ကျွန်တော် ၀က်ဆိုက်မှ ဖော်ပြလိုက်ပါသည်။ ထိုသို့စည်းစိမ်ခံ နေကြစဉ် တဖက်မှ ပြည်သူများမှာ စားစရာပင်မရှိ၍ စားခွဲစားပြီး တမင်းရည်သောက်နေကြရပါသည်။ ၀န်းကြီးအဆင့် ရှိသူများသည် ကာလပေါက်ဈေး မြန်မာငွေ သိန်းထောင်ချီသောကားများကို မိသားစုတစုတွင် သုံးစီးမှငါးစီးအထိသုံးစွဲနေကြပါသည်။ ၎င်းတို့ရရှိသော လစာနှင့်ကာလတန်ကြေးသိန်းထောင်ချီသော ကားများကို အသုံးပြုနေကြပါသည်။ ၎င်းကားများဝယ်ယူရန် ငွေများဘယ်ကနေ ရရှိကြလဲ အင်မတန် အံသြစရာကောင်းလှပါသည်။ ပြည်သူများဆင်းရဲမွဲတေပြီး စားစရာမရှိ ဖြစ်နေချိန်တွင် ၎င်းတို့မိသားစုများသည် စည်းစိမ်ရစ်နေကြသည်မှာ ရင်နာစရာကောင်းလှပါသည်။ ၎င်းတို့အသုံးပြုနေသော လတ်ပေးလတ်ယူတို့ရန်သူ ဟူသောဆောင်ပုဒ်မှာ ဘယ်ရောက်နေလဲ မသိပါ။ တကမ္ဘာလုံးမှ လူသားချင်းစာနာ၍ လှူဒါန်းသောငွေများကို ဘယ်နေရာတွင် အသုံးပြုနေကြသည်ကို လှူဒါန်းသူများကိုယ်တိုင်းသိရှိရန် အမှန်တကယ်လိုအပ်ပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံအား အများဆုံးလှူဒါန်းနေသော ဂျပန်အစိုးရက သိရှိရန် အမှန်တကယ်လိုအပ်ပါသည်။ လှူဒါန်းလိုက်သောငွေကို လှူဒါန်းလိုသောနေရာတွင် အမှန်တကယ် ရာနှုန်းပြည့် သုံးစွဲခြင်းရှိမရှိကို သိရှိရန်လိုအပ်ပါသည်။ ၎င်းလှူဒါန်းလိုက်သော ငွေများကို တခြားနေရာတွင်သုံးစွဲလိုက်ပါလျှင် ဖြစ်လာသမျှ အကျိုးဆက် ဆိုးကျိုးများကို လှူဒါန်းလိုက်သော အစိုးရမှဖြေရှင်းပေးရန် တာဝန်အပြည့်ရှိပါသည်။ ၎င်းတို့ အာဏတည်မြဲရေး အတွက်ဆိုရင် ပြည်သူတွေကို မဆိုထားနှင့် ဘုန်တော်ကြီးများကိုပင် သေနတ်နှင့်ပစ်သတ်ခဲ့သည်မှာ တကမ္ဘာလုံးမှအသိဖြစ်ပါသည်။ ထိုကဲ့သို့သိထားပြီး စစ်အစိုးရတို့ငွေများကို လှူဒါန်းနေကြသည်မှာ အံသြစရာကောင်းလှပါသည်။ တကမ္ဘာလုံးမှ ခေါင်းဆောင်များတာဝန် ရှိသူများအနေဖြင့် လူသားချင်းစာနာထောက်ထားသော စိတ်ဓါတ်ရှိခဲ့လျှင် လက်ရှိကျွန်တော်တို့နိုင်ငံဧ။် စစ်အစိုးရအား ဖယ်ရှားနိုင်ရေးအတွက် ကျွန်တော်တို့နှင့်အတူ တိုက်ပွဲဝင်ကြရန် တိုက်တွန်းလိုက်ရပါသည်။

No comments:

Post a Comment