သန်းရွှေ မှာ နေပြည်တော် ရှိ ၎င်း ၏နေအိမ်တွင်
ဝမ်းလျှောရောဂါ ခံစားနေသည် မှာ ကြာသပတေးနေ့ ကတည်းဖြစ်သည် ဟု နေပြည်တော် ရှိ ၀န်ကြီး
တစ်ဦး၏ စကားကို ကိုးကားပြီး နေပြည်တော်သတင်းရပ်ကွက် တွင်ပျံ့နှံနေသည်။
ယခုနှစ် နေပြည်တော် ဥပ္ပါတသျှန္တိ စေတီတော်ရှိ ဗောဓိ ညောင်ပင် ကို ကဆုန်လပြည့်နေ့ တွင် ဗိုလ်
ချူပ်မှုးကြီးသန်းရွှေ နှင့် ဒေါ်ကြိုင်ကြိုင်တို့ က လာရောက် ညောင်ရေသွန်းလောင်းမည် ဆိုသောသတင်း ကြောင့်
ကြာသပတေးနေ့ ကတည်းက လုံခြုံရေးထူထပ်စွာချထားသော် လည်းလာရောက် နိုင်ခြင်းမရှိဟု သိရသည်။
သန်းရွှေ ၏ ၀မ်းလျှောရောဂါ ကို ကု သရန် အတွက် ရန်ကုန် စစ်ဆေးရုံမှဆရာဝန်ကြီး
များလည်းနေပြည်တော် သို့ ရောက်ရှိနေသည် ဟု သိရသည်။ နေပြည်တော်ရှိ ကျန်းမာရေး ၀န်ကြီးဌာန က
အစိမ်းရောင်ဇုန်ရှိ စစ်ဗိုလ်ချုပ်များ၏ အိမ်တွင် ပိုးသတ်ဆေးများ ဖျန်းပေး နေရသည်
ဟုသိရသည်။
ကဆုန်ညောင် ရေသွန်းပွဲသို့ တွင်း ၁ သီဟသူရတင်အောင်မြင့်ဦး နှင့် ဒေါ်ခင်စောနှင်းတို့ သာတက်
ရောက်သည်။မေလ ရ ရက်နေ့ က ဒလ ရှိ ဒနုတ် စေတီတော် ဌာပနာပိတ်ပွဲ တွင် ဒေါ်ကြိုင်ကြိုင် နှင့်
သမီးသုံး ဦးကို သာရုပ်မြင် သံကြားတွင် တွေ့ ရပြီး ပြည်သူများက မူ ဗိုလ်ချူပ်မှုးကြီး ၀မ်းပိတ်ရန်
အတွက် ဌာပနာ ပိတ်ပွဲ သို့ လာခြင်းဖြစ်သည် ဟု သရော်ပြောဆိုနေကြသည်။
Saturday, May 9, 2009
Subscribe to:
Post Comments (Atom)

No comments:
Post a Comment