Thursday, May 28, 2009

၁၉ ကြိမ်မြောက်ရွေးကောက်ပွဲအနိုင်ရနှစ်ပတ်လည်အထိမ်းအမှတ်နှင့် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်စေရေးအတွက် ချီတက်ဆန္ဒပြပွဲဂျပန်တွင်ကျင်းပ

Thursday, 28 May 2009
၁၉၉၀ပြည့်နှစ်၊မေလ(၂၇)ရက်နေ့တွင်ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်(၄၈၅)နေရာကျင်းပပေးခဲ့သည့်အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲဆန္ဒနယ်(၃၉၂)နေရာ ၈၂% ဖြင့် အနိုင်ရရှိခဲ့ပါသည်။ ထို ရွေးကောက်ပွဲအနိုင်ရ(၁၉)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်နှင့် နအဖစစ်အုပ်စု၏၂ဝ၁ဝခုနှစ်
ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်၊ မတရားဖမ်းဆီးခြင်းခံနေရသည့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်
အမြန်ဆုံးလွတ်မြောက်စေရေးအတွက် ဂျပန်အစိုးရမှ ထိရောက်သည့်ဖိအားပေးဆောင်ရွက်မှုများ အမြန်ဆုံးအကောင်အထည်
ဖော်ဆောင်ရွက်ပေးရန်
အမျိုးသားဒီမိုကရေစီအဖွဲချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှကြီးမှုးကျင်းပ၍ ဂျပန်ရောက်မြန်မာဒီမိုကရေစီလှုပ်ရှားသည့်အင်အားစုများ၊ မြန်မာရေးရာအဖွဲ့(PFB) ၊ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး(AI) ၊ အာယုနိုင်ငံတကာဗုဒ္ဓဘာသာအဖွဲ့မှ ဘုန်းတော်ကြီးများ၊ဂျပန်အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ်မှ(RENGO) အတွင်းရေးမှုးချုပ်နှင့် မြန်မာ့ဒီမိုကရေစီအရေးကို အမြဲတမ်းကူညီဆောင်ရွက်ပေးနေသော လွှတ်တော်သမ္မဂ္ဂများအဖွဲ့မှ အထွေထွေအတွင်ရေးမှုးမှတက်ရောက်ပြီး ၁၉၉၀ ရွေးကောက်ပွဲကိုအကောင်အထည်မဖော်ပေးပဲနှင့်၂၀၁၀ ရွေးကောက်ပွဲကျင်းပမည်ကို ဂျပန်အစိုးရမှအသိအမှတ်မပြုရန်နှင့်ဒေါ်အောင်ဆန်းစုကြည်အား မတရားဖမ်းဆီးထားပြီးတရားစွဲဆိုခံထားရမှုများကို ဂျပန်အစိုးရမှ ထိထိရောက်ရောက်ဖိအားပေးဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ပါသည်၊၊ထိုနောက် ရွက်ပုန်းကိးမိကဒါဝါပန်းခြံမှ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ချီတက်ဆန္ဒပြခဲ့ရာလူပေါင်း ၅၀၀ကျော် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။ ထို့အတူယနေ့နံနက်ပိုင်းတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အမျိုးသားဒီမိုကရေစီအဖွဲချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ လက်ရှိမြန်မာနိုင်ငံရေးအခြေအနေများနှင့် ဂျပန်အစိုးရမှ ပိုမိုထိရောက်စွာ လုပ်ကိုင်ဆောင်ရွက်ပေးစေလိုသည့် အချက်အလက်များကို စာရေးသားပေးပို့တောင်းဆိုခဲ့ပါသည် ။
Wednesday, May 27, 2009
၁၉ နှစ်မြောက် ရွေးကောက်ပွဲ အနိုင်ရသည့် အထိမ်းအမှတ် ဂျပန်နိုင်ငံတွင် ချီတက်ဆန္ဒပြပွဲ ကျင်းပ
国民民主連盟(NLD)は8888蜂起の中、1988年9月27日に結成。国家法秩序回復評議会(SLORC、軍事政権)が管理するなか、 1990年5月27日に行なわれた国民議会(国会)総選挙で大勝をおさめ、485議席中の392議席(占有率81%)を獲得した。総選挙勝利記念日にデモ行進を国民民主連盟(解放地域)日本支部主催執り行います。

No comments:

Post a Comment