မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခံနေရသောလူတစ်ယောက်ဖြစ်နေတဲ့ အတွက် အတွင်းရေးမှူးချုပ်ဘန်ကီမွန်နှင့် တွေ့ဆုံခွင့်မပေးနိုင်ဘူးလို့ စစ်အစိုးရခေါင်းဆောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ငြင်းပယ်လိုက်ခြင်း ဟာ အင်မတန်မှ အကြီးတန်လွန်လှတဲ့ စစ်အစိုးရရဲ့ အတွင်းစရိုက်ကို ပေါ်လွင်အောင် ဖော်ပြလိုက်သလို ဖြစ်နေတယ်လို့ ကျွန်တော်အနေနဲ့ တင်ပြမိပါတယ်။ အထူးသဖြင့် ၂၀၁၀ မှာပြုလုပ်မဲ့ရွေးကောက်ပွဲမှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်အောင် စစ်အစိုးရအနေနဲ့ ရည်ရွယ်ချက်ရှိရှိ ဘေးဖယ်ထားတယ်ဆိုသာ ထင်ရှားနေပါတယ်။
ဒီလိုနိုင်ငံရေး ဖိနှိပ်ချုပ်ချယ်မှုတွေအောက်မှာ နိုင်ငံတော်ကိုချစ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေမပါဝင်နိုင်တဲ့ ၂၀၁၀ ခုနှစ်မှာ ကျင်းပမဲ့ရွေးကောက်ပွဲမှာ ဘယ်သူတွေက၀င်ရောက်အရွေးခံပြီး ဘယ်လိုရွေးကောက်ပွဲမျိုး ကျင်းပမှာလဲဆိုသာ စစ်အစိုးရအတွက်မေးခွန် ထုတ်စရာဖြစ်နေပါတယ်။
ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားပေါင်းစုံနေထိုင်ကြတဲ့ ကျွန်တော်တို့နိုင်ငံမှာ စစ်မှန်တဲ့ ရွေးကောက်ပွဲ ကျင်းပပြီး စစ်မှန်တဲ့လူထူခေါင်းဆောင်ကို နိုင်ငံခေါင်းဆောင်တစ်ယောက်အဖြစ်ပေါ်ပေါက်လာနိုင်ဖို့ ကျွန်တော်တို့ ဒီမိုကရေစီ အင်းအားစုတွေ တိုက်ပွဲဝင်ကြပါစို့။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment