တနေညက မက်ခဲ့တဲ့အိမ်မက်
ဝိုးတ၀ါး မှိတ်တ၀က်
ရင်ထဲမှာ တစိမ့်စိမ့်နဲ့
အိမ်မက်ထဲက အကြောင်း
ပြန်ပြောင်း သတိရတိုင်း
မျက်ဝန်းထဲမှ မျက်ရည်စက်လက်
နေရာသစ်
ဤနေရာ အကြောင်း ပြန်ပြောင်း သတိရတိုင်း
ကြေကွဲစရာ အဖြာဖြာ
နေရာသစ်
တော်လှန်ရေး ရဲဘော်အပေါင်း
သွေးချောင်းစီးခဲ့ရာ ဤနေရာ
စိမ်းလမ်းတဲ့ တောတောင်
တသွင်သွင် စီးဆင်းနေတဲ့ စမ်းချောင်းလေး
သာယာလှတဲ့ ကျေးဌက်တွန်းသံတွေနဲ့
ထာဝရ လှပနေတဲ့
နေရာသစ်လေးမှာ .........
ဒို့တော်လှန်ရေး ရဲဘော်အပေါင်း
သွေးချောင်းစီးခဲ့ရ ............. မေ့လို့မရတဲ့ နေရာသစ်
Monday, July 13, 2009
Subscribe to:
Post Comments (Atom)

No comments:
Post a Comment