ကျွနုပ်တို့ နေတဲ့တိုင်းပြည်
ဗမာပြည်
တိုင်းရင်းသားပေါင်းစုံ ရှိတဲ့တိုင်းပြည်
ဗမာပြည်
ဥပဒေ မျိုးစုံရှိတဲ့တိုင်းပြည်
ဗမာပြည်
ဒီနွေမှာ အတည်ပြုတဲ့ ဥပဒေက
မိုးမရောက်ခင် ပျက်ပြယ်
စည်းစိမ် အပေါင်းနဲ့ ယစ်မူးနေတဲ့
မင်းတို့ရဲ့အလိုကျ
ဥပဒေက အမျိုးမျိုး ထွက်ပေါ်လာခဲ့ရ
ဝဲထဲက ဘောလုံးလို မြုတ်တလဲ့ ပေါ်တလဲ့
အဲဒီလိုပဲ
ဗမာပြည်ရဲ့ ဥပဒေကလည်း
တည်တလဲ့ ပျက်တလဲ့
Monday, July 13, 2009
Subscribe to:
Post Comments (Atom)

No comments:
Post a Comment