ဘန်ကီမွန်းကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရပေမဲ့ သူ့အခြား အဆိုပြုချက်တွေ စစ်အစိုးရက ငြင်းပယ်ခြင်းမရှိ သေးတဲ့အတွက် သူ့ခရီးစဉ်ကို လုံးဝအောင်မြင်မှု မရတဲ့ ခရီးစဉ် အဖြစ် မမြင်စေချင်ဘူးလို့ပြောခဲ့ပါတယ်။
ရာဇလီ၊ ဂန်ဘာရီ စတဲ့ကုလသမ္မဂရဲ့ကိုယ်စားလှယ်တွေရဲ့ မအောင်မြင်တဲ့ ဆွေးနွေးမှူတွေရဲ့ နောက်ဆုံး အတွင်းရေးမှူးချူပ် ကိုယ်တိုင်သွားတာတောင် အဆင်မပြေဘူးဆိုရင် ကုလသမ္မဂအနေနဲ့ ဘာဆက်လုပ်မလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။
ဒါပေမယ့် အပြန်နေပြည်တော်လေယာဉ်ကွင်းမှာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ ငြင်းပယ်ခဲ့တာကို အထူးစိတ်ပျက်မိပါတယ်လို့ ပြောခဲ့ပါတယ်။ စစ်အစိုးရ ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်ရမယ့် ဆိုတဲ့ကတိတွေ့နဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းဆီ ပြသနိုင်တဲ့ အခွင့်အရေးတခုတော့ ဆုံးရှုံးခဲ့ခြင်းဖြစ်ပါတယ်။
Monday, July 6, 2009
Subscribe to:
Post Comments (Atom)

No comments:
Post a Comment